တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ
တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ
ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှာဖြစ်ပျက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြန်မာ့ တပ်မတော် ဘက်က သူတို့လုပ်ဆောင်ခြင်းမရှိဆိုတဲ့ စုံစမ်းလေ့လာတွေ့ရှိချက်ကို တပ်မတော်က ထုတ်ပြန်တာကို လူ့အခွင့်အရေးအဖွဲ့တွေကလက်မခံဘဲ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်ခံဘို့ အင်္ဂါနေ့က တုန့်ပြန်ပြောဆိုပါတယ်။
တနင်္လာနေ့က တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးရဲ့၊ သတင်းထုတ်ပြန်ချက်အရ တပ်တွင်း စုံစမ်းရေး အဖွဲ့တွေရဲ့ စုံစမ်းချက်တွေအရ ကျေးရွာပေါင်းများစွာက သက်သေပေါင်း ၈၀၀ကျော် အပါအ၀င် တပ်တွင်း အရာရှိများက စပြီးအခြားအဆင့်များကို မေးမြန်းချက်တွေအရ တပ်မတော် အနေနဲ့ အကြမ်းဘက်မှုများဆောင်ရွက်ခဲ့ခြင်းမရှိဘဲ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း အရသာ ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပြီး တိုက်ပွဲမှာ အကြမ်းဘက်သမား ၃ရ၆ဦးသေဆုံးပြီး အပစ်မဲ့ပြည်သူများ ထိခိုက်ခြင်းမရှိပါလို့ဆိုပါတယ်။
ဒီသတင်းထုတ်ပြန်ချက်အပေါ်မှာ HRW လူ့အခွင့်အရေးစောင်ကြည့်အဖွဲ့မှာ ပယ်ချလိုက်ပြီး ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်မြောက်ပိုင်းကို စုံစမ်းဘို့ စေလွှတ်ဘို့လိုတယ်လို့ HRW အာရှဒေသ ဒါရိုက်တာ Brad Adamsကပြောဆိုပါတယ်။

Comments
Post a Comment