ပြည်ပပြောစကား ဒူတာတေး ပယ်ချ
ပြည်ပပြောစကား ဒူတာတေး ပယ်ချ
အမေရိကန် သမ္မတ ဒေါနယ်လ် ထရန့် ကိုယ်တိုင်ပြောဆိုခြင်းမပြုဘဲ ရှောင်ကွင်းသွားတဲ့ ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နိမ်နင်းမှုအတွင်း လူတွေအသတ်ခံရတယ် လူ့အခွင့်အရေး ချိုးဖေါက်ခံရတယ် ဆိုတာကို ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ ထိတ်သီးအစည်းအဝေးမှာ အနောက်နိုင်ငံ တွေနဲ့ ကနေဒါ ၀န်ကြီးချုပ်က မေးမြန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေက အစည်းအဝေး နောက်ဆုံးနေ့ သတင်းစာရှင်းပွဲမှာ ဒါဟာ စော်ကားမှုဖြစ်တယ်လို့ တန်ပြန်ပြောဆိုပါတယ်။
ကနေဒါဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင်သမ္မတ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာတွေကို သတင်းထောက်တွေက သမ္မတ ဒူတာတေးကို မေးမြန်းခဲ့ပါတယ်။ ဒူတာတေးက ကနေဒါဝန်ကြီးချုပ်ရဲ့ နာမည်ကို ထုတ်ဖေါ်ခြင်းမပြုဘဲ မေးမြန်းချက် ကို ပြန်ဖြေစရာမလိုဘူးလို့ ပြောလိုက်သလို ဒါဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံ့ရမှုနဲ့ တရားဝင်စော်ကားမှုဖြစ်တယ်လို့ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ်ရဲ့ အစောပိုင်းသတင်းစာရှင်းပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါး နိမ်နင်းမှုနဲ့ပတ်သက်ပြီး သမ္မတဒူတာတေးကို သူမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။ သမ္မတဒူတာတေးဟာ နားလည် သဘော ပေါက်လွယ်ပြီးလက်ခံခဲ့တယ်လို့ ဆိုပါတယ်။
တဆက်တည်း ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တယ်လို့ပြောခဲ့ပါတယ်။
တနင်္လာနေ့က အမေရိကန်သမ္မတ ဒေါနယ်ထရန့်က ဒူတာတွေးနဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မူးယစ် ဆေးဝါး တိုက်ဖျက်တာနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ဘဲ နှစ်ဘက် ဆက်ဆံရေး အလွန်ကောင်း ပါတယ်လို့သာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အစည်းအဝေးအပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန် ချက်မှာတော့ လူ့သိက္ခာနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံအဓိကထား လေးစားလိုက်နာ မယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားသလို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ခေတ်ရေစီး ကြောင်းအရ ပေါ်ပေါက် နေတာတွေကို ကာကွယ်နိုင်ဘို့ ပြည်တွင်း မှာ အစီစဉ်ချ ဆောင်ရွက်သွားမယ် ဆိုတာ တွေကို ထည့်သွင်း ဖေါ်ပြထားပါတယ်။

Comments
Post a Comment