Skip to main content

ပေါင်မြို့နယ်တွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေသူ ၁၀ဦးနှင့် ဆိုင်ကယ် ၅၈စီး ဖမ်းဆီးရမိ

ပေါင်မြို့နယ်တွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေသူ ၁၀ဦးနှင့် ဆိုင်ကယ် ၅၈စီး ဖမ်းဆီးရမိ




ပေါင်၊ နိုဝင်ဘာ၊ ၁၄ 

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံဟော်ကျေးရွာတွင် ကြက်တိုက်လောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း တွင် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးရာတွင် လောင်းကစားပြုလုပ်သူ ၁၀ ဦးနှင့် ဆိုင်ကယ် ၅၈ စီးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

"တိုင်ကြားလာတော့ ကျွန်တော်တို့အဖွဲ့က သွားရောက်ဖမ်းဆီး တာပါ။ သွားဖမ်းတဲ့ အချိန်မှာတော့ လောင်းကစားလုပ်နေတဲ့ သူတွေအများကြီးပါ။ ဖမ်းတဲ့ချိန်ကျတော့ ထွက်ပြေးကြတာ လူ ၁၀ယောက်ပဲမိပါတယ်"ဟု သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူ ဌာနမှ ရဲအုပ်အောင်သူ ကပြောသည်။ 

၎င်းအပြင် လောင်းကြေးငွေ ၄သိန်းကျော်၊ ဆိုင်ကယ် ၅၈ စီး၊ စက်ဘီး ၁ စီး၊ ကြက် ၅ ကောင်၊ လောင်းကစား ပြုလုပ်သူ ၁၀ဦး ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းများမှ သိရသည်။ 


ကျုံဟော်ကျေးရွာနေ ဦးအုန်းသွင် ၆၁ နှစ် ဘ ဦးထွန်းတင် နေအိမ် အနောက်ခြံဝင်း အတွင်း ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့မှူးမှထုတ်ပေးသည့် လောင်ကစား အိမ်ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၅/ ၂၀၁၇)ဖြင့် သထုံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသာ် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီး ရာတွင် ဦးအုန်းသွင်အား နေအိမ်အောက်ကွပ်ပျစ်တွင် ထိုင်လျက်တွေ့ရှိရပြီး ၎င်းနေအိမ်အနောက်ဘက်ခြံဝင်းအတွင်း၌ လူ ၁၀၀ ခန့်ကြက်တိုက် လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်ဖမ်းဆီးရာတွင် အေးချို၊ ကျော်ဦး၊ တင်ထွန်းနိုင်၊ ပိုင်ပိုင်၊ စိန်ဝင်း၊ ကျော်ကျော်၊ ဝင်းဇော်၊ စိုးထက်ဦး၊ ကျော်စွာနှင့်အိမ်ရှင်ဦးအုန်းသွင်တို့အား လောင်းကစား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်လောင်းကစားပြုလုပ် သူများမှာ ထွက်ပြေးသွားကြာင်း သိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်မြို့မရဲစခန်းမှလောင်ကစားပြုလုပ်သူများအား အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။ 

ကိုဟိန်း( ပေါင် ) 
ဓါတ်ပုံ - Paung Daily 

Comments

Popular posts from this blog

NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို

တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ

ကျောင်းသူကျောင်းသားများ တက်တူးမထိုးကြဖို့ တောင်ကြီးမြို့ အထက ၅ ကျောင်းအုပ်ကြီးပြော