Skip to main content

သွေးတိုးရောဂါ သွေးပေါင်ကန့်သတ်ချက်ပြင်ဆင်

သွေးတိုးရောဂါ သွေးပေါင်ကန့်သတ်ချက်ပြင်ဆင်



အမေရိကန် နှလုံးရောဂါဆိုင်ရာ ဆေးပညာအဖွဲ့နဲ့ အမေရိကန် နှလုံးကုသမှု ဆိုင်ရာကောလိပ် တို့က ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွေးတိုးရောဂါဖြစ်ပွားမှု သတ်မှတ်တဲ့ အဆင့်ကို ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။ 

အရင်က သွေးတိုးရောဂါဖြစ်ပွားတယ် ဆိုတဲ့ အဆင့်သတ်မှတ်ချက်ဟာ အောက်သွေး ၉၀ အပေါ်သွေး ၁၄၀ သပ်မှတ် ထားရှိရာကနေ အောက်သွေး ၈၀ အပေါ်သွေး ၁၃၀ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ 

လေ့လာတွေ့ရှိချက် အသစ်တွေအရ ၂၀၀၃ ခုနှစ် က အမေရိကန်ပြည်ထောင်စုရဲ့ သွေးတိုးရောဂါနဲ့ ကုသရေး လမ်းညွှန်ချက်ပါ သတ်မှတ်ချက် ကိန်း ဂဏန်းကို ပထမဆုံးအကြိမ် ပြောင်းလဲ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။ 

အခုလိုပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် သွေးတိုးရောဂါကို စောစီးစွာကြိုတင် သိရှိနိုင်ပြီး ကြိုတင်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း) 

Comments

Popular posts from this blog

NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို

တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ

ကျောင်းသူကျောင်းသားများ တက်တူးမထိုးကြဖို့ တောင်ကြီးမြို့ အထက ၅ ကျောင်းအုပ်ကြီးပြော