Skip to main content

ကယ်လီဖိုးနီးယား ပစ်ခတ်မှု လူငါးယောက်သေ

ကယ်လီဖိုးနီးယား ပစ်ခတ်မှု လူငါးယောက်သေ


ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ Rancho Tehama မူလတန်းကျောင်း
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ သေနတ်သမားဟာ မူလတန်းကျောင်းတခုအပါအဝင် နေရာတော်တော်များများကို ပစ်ခတ်ခဲ့တာကြောင့် သေနတ်သမား အပါအဝင် လူငါးယောက် သေဆုံးပြီး ကလေးတွေ တော်တော်များများ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ 

ပစ်ခတ်မှုဟာ Tehama ခရိုင်က အိမ်တအိမ်မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ သေနတ်သမားဟာ ရိုင်ဖယ်တလက်နဲ့ ပြောင်းတိုသေနတ် နှစ်လက် ကိုင်ဆောင်ကာကျောင်းအပြင်ဖက်မှာ တွေ့မရှောင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်ရဲလက်ချက်နဲ့ သေနတ်သမားလည်းသေဆုံးသွားပြီး သေနတ်သမားဘာရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်ခဲ့သလဲ ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ 

BBC Burmese 

Comments

Popular posts from this blog

NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို

တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ

ကျောင်းသူကျောင်းသားများ တက်တူးမထိုးကြဖို့ တောင်ကြီးမြို့ အထက ၅ ကျောင်းအုပ်ကြီးပြော