မန်းမှာ​သွေးအိုင်​အတွင်း​ဒဏ်​ရာ​တွေနဲ့ ​သေဆုံး​နေတဲ့ အ​လောင်း တစ်​​လောင်တွေ့ 
မန်းမှာ​သွေးအိုင်​အတွင်း​ဒဏ်​ရာ​တွေနဲ့ ​သေဆုံး​နေတဲ့ အ​လောင်း တစ်​​လောင်တွေ့ 
မန္တ​လေးမြို့၊​အောင်​​မြေသာစံမြို့နယ်​ရှိ ​ရွှေမန်း​တောင်​အားကစားကွင်းတိုက်​တန်းမှာ ​သွေးအိုင်​အတွင်း​ဒဏ်​ရာ​တွေနဲ့ ​သေဆုံး​နေတဲ့ အ​လောင်းတစ်​​လောင်း​ကို ယ​နေ့(​နိုဝင်​ဘာ၁၄ရက်​)မနက်​ပိုင်း ​တွေ့ရှိရတာဖြစ်​ပါတယ်​။ 
သွေးအိုင်​အတွင်း​သေဆုံး​နေတဲ့အသက်​၃၇နှစ်​အရွယ်​ရှိအမျိုးသားဟာ အဲသည်​တိုက်​ခန်းမှာတစ်​ဦးတည်း​နေထိုင်​သူဖြစ်​ပါတယ်​။ 
ဖုန်းဆက်​သွယ်​ရာ ဖုန်းစက်​ပိတ်​ထားလို့ စိတ်​ပူပြီး သားဖြစ်​သူရှိရာတိုက်​ခန်းကို သွား​ရောက်​တာဖြစ်​ပါတယ်​။ 
တိုက်​ခန်းကို​ရောက်​တဲ့ချိန်​မှာ အဲ့သည်​တိုက်​ခန်းနဲ့ တစ်​ခန်း​ကျော်​မှာ​နေထိုင်​တဲ့အမျိုးသမီးတစ်​ဦးက မ​နေ့ည၇း၀၀နာရီခန့်​က ​သေဆုံးသူရဲ့အခန်းဘက်​မှာ ဆူညံသံကြာရတာ၊​နောက်​ပိုင်းမှာ ငြိမ်​သက်​သွားပြီး သွား​ရောက်​​မ​မေးမြန်းမိ​ကြောင်း​ပြောပြသိရှိရတာဖြစ်​ပါတယ်​။ 
အပြင်​တံခါးမှာလည်းအတွင်းဘက်​က​နေ​သော့ခတ်​ထားတာ​ကြောင့်​ ပတ်​ဝန်းကျင်​ကို အကူညီ​တောင်းကာ တံခါး​သော့ရိုက်​ဖျက်​ဝင်​​ရောက်​ကာ ​သွေးအိုင်​အတွင်း​သေဆုံး​နေတဲ့ သားဖြစ်​သူကို​တွေ့ရှိရတာဖြစ်​ပါတယ်​။ 
သေဆုံးသူဟာ လည်​ပင်း၊နဖူး၊မျက်​ခုံးတို့မှာ ပြတ်​ရှဒဏ်​ရာနဲ့ ဦး​ခေါင်း​ပေါက်​ပြဲဒဏ်​ရာတို့ကို​တွေ့ရှိရကာ မန္တ​လေး​ဆေးရုံကြီးကို တင်​ပို့စစ်​​ဆေး​နေပြီး၊ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး ​(ပ )၃၂၇/၂၀၁၇ပုဒ်​မ ၃၀၂အရ 
အ​သေးစိတ်​စစ်​​ဆေ​ဆောင်​ရွက်​​နေတယ်​လို့ အမှတ်​၂နယ်​​မြေရဲစခန်းက သိရပါတယ်
Credit: Kumudra 
Comments
Popular posts from this blog
NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို
တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ
ကျောင်းသူကျောင်းသားများ တက်တူးမထိုးကြဖို့ တောင်ကြီးမြို့ အထက ၅ ကျောင်းအုပ်ကြီးပြော