မြန်မာအစိုးရရဲ့ ကတိစကား သမတထရမ့် ကြိုဆိုပြောကြား

မြန်မာအစိုးရရဲ့ ကတိစကား သမတထရမ့် ကြိုဆိုပြောကြား

သမတ ဒေါ်နယ်လ် ထရမ့်က ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့  ကတိပြု ပြောဆိုချက်တွေကို ကြိုဆိုကြောင်းနဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီရန်အဆင်သင့်ရှိကြောင်း မနီလာမြို့မှာ မနေ့က ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပြောကြားလိုက်ပါတယ်။

 ဒါ့အပြင် ဒုက္ခသည်တွေ သူတို့ ဆန္ဒအလျှောက် လုံခြုံစိတ်ချစွာ ပြန်လည် လာရောက်ရေး နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိသူတွေအပေါ် အရေးယူရေးအချက်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်းလည်း သမတ ထရမ့် က ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန် နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီးယိုး ဂွတ်တားရက်စ် တို့ကို မနေ့က တွေ့ဆုံခဲ့ပါတယ်။

တီလာဆန်နဲ့ တွေ့ဆုံပွဲမှာ ပြောဆိုချက်တွေကို ၂ ဖက်လုံးက ထုတ်ပြန်ခြင်းမရှိပါဖူး။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီးယိုး ဂွတ်တားရက်စ် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က အသိုင်းအဝန်း  ၂ ခုအကြား ပြန်လည်သင့်မြတ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးခဲ့သူတွေ လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်ရေးအတွက် အာမခံဖို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကန် နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံမှာဖြစ်သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးခြား တွေ့ဆုံပါလိမ့်မယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကိစ္စတွေကို ဆွေးနွေးလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။ သူက မြန်မာပြည်ဟာ များစွာတိုးတက်ခဲ့ပြီဖြစ်ကြောင်း၊ အဲဒီ တိုးတက်မှုတွေနောက်ကြောင်းပြန်လည့်မှာကို မိမိတို့ လိုလားခြင်း မရှိပါကြောင်း နဲ့ မြန်မာခေါင်းဆောင်တွေနဲ့ ဝန်ကြီး တီလာဆန်တို့ ဒီကနေ့ တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံအားပေးမှာဖြစ်ကြောင်း ပြောကြား လိမ့်မယ်လို့ ဆိုပါတယ်။

Comments

Popular posts from this blog

NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို

တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ

ကျောင်းသူကျောင်းသားများ တက်တူးမထိုးကြဖို့ တောင်ကြီးမြို့ အထက ၅ ကျောင်းအုပ်ကြီးပြော