Posts

Showing posts from 2017

သင်သဘာမကျတဲ့သူ၊ သင့်ကို သဘောမကျတဲ့သူတွေကို ဘာလို့ ဥပေက္ခာပြုသင့်သလဲ

Image
သင်သဘာမကျတဲ့သူ၊ သင့်ကို သဘောမကျတဲ့သူတွေကို ဘာလို့ ဥပေက္ခာပြုသင့်သလဲ သင့်အနေနဲ့ ကမ္ဘာပေါ်က လူတိုင်းကိုတော့ သဘာမကျနိုင်ဘူးလေ။ ကိုယ်စိတ်တိုင်းမကျတဲ့သူတွေလည်းရှိနိုင်သလို၊ ကိုယ့်စိတ်နဲ့ သဟဇာတမဖြစ်တဲ့သူတွေလည်း ရှိနိုင်တာပဲ။ လူတွေရဲ့သဘောအရ ကိုယ့်ကတော့ တခြားသူတွေသဘာကျတာခံချင်တယ်။ တခြားသူလက်ခံလာတာကိုလိုချင်ကြပါတယ်။ တကယ်လို့ တခြားသူတွေက သင့်ကို သဘာမကျဘူးဆိုရင် သင့်ကို အနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်စေတာအမှန်ပါပဲ။ တခါတလေမှာ သင်မကြိုက်တဲ့အရာတွေရော၊ သင့်ကိုသဘောမကျတဲ့အရာတွေကိုရော သင့်အနေနဲ့ လျစ်လျူရှုထားသင့်ပါတယ်။ဘာလို့လဲဆိုတာကို ပြောမယ်နော်။ ၁။ ဘဝဆိုတာ တိုတိုလေးပါ လူ့ဘဝဆိုတာ တိုတိုလေးပါ။ အလွန်ဆုံးနေမှ နှစ်ပေါင်း ၁၀၀ ကျော်လေးပဲနေထိုင်ရတာပါ။ ဘာလို့ စိုးရိမ်မှုတွေ၊ တခြားသူတွေကို စိတ်အလိုမကျမှုတွေထားနေဦးမှာလဲ။ ၃။ လူတွေဟာသင့်အကြောင်း အများကြီးမစဉ်းစားကြပါဘူး သင့်အနေနဲ့ တခါတလေမှာ လူတိုင်းကိုယ့်ကိုပဲ အပြစ်တင်နေကြတယ်။ သင့်ကိုပဲ အလိုမကျဖြစ်နေကြတယ်လို့ ထင်နေ၊ ခံစားနေရရင် အဒီခံစားချက်ကို စွန့်လွတ်လိုက်ပါ။ဘယ်သူကမှ အချိန်ကုန်ခံပြီး သင့်အကြောင်းကို အများကြီးမစဉ်းစားပါဘူး။ ၄။ သူတို့ ကိစ္စမဟုတ်ဘူးလေ ...

သင်မသိနိုင်သေးတဲ့ ယောဂရဲ့ အရပ်ပြောစကားတွေနဲ့ အမှန်တရား

Image
သင်မသိနိုင်သေးတဲ့ ယောဂရဲ့ အရပ်ပြောစကားတွေနဲ့ အမှန်တရားများ # Zawgyi Version ဖြင့် ဖတ်ပါ #  ယောဂဟာ ကမ္ဘာနဲ့အဝှမ်း အလွန်ကျော်ကြားလာပါတယ်။ ဒါပေမဲ့ လူအများစုက ယောဂနဲ့ပတ်သက်ပြီး အထင်လွဲနေကြတုန်းပါပဲ။ ဒီလိုသံသယဝင်နေတာမျိုးဟာ သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူပေါင်းသန်းနဲ့ချီလက်ခံထားတဲ့ အနေအထားတစ်ခုကို ရောက်နိုင်မယ့် အနေအထားကနေ ကာကွယ်ထားပါတယ်။ သင်ဘယ်သူပဲဖြစ်နေပါစေ၊ ဒီလိုပါးစပ်ပြော၊ အရပ်ပြောတွေကို စိုးရိမ်စရာမလိုဘဲ ယောဂလေ့ကျင့်နိုင်ပါတယ်။ လက်ရှိမှာ အမျိုးသမီးအများစုဟာ ယောဂလေ့ကျင့်နေကြပါတယ်။ ဒါပေမဲ့ ဒီအားကစားနည်းကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက တီထွင်ခဲ့တာဟာ ယောက်ျားတွေပဲ ဆိုတာကိုလည်း မမေ့ပါပဲ။ လူအများစုကတော့ ဒီနူးညံ့နှေးကွေးတဲ့ ယောဂဟာ အမျိုးသားတွေအတွက် မသင့်တော်ဘူး ဒါမှမဟုတ် ယောဂလိုက်လုပ်ဖို့အတွက် အမျိုးသားတွေက မပျော့ပျောင်းနေဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ ခုတော့ ကာယစွမ်းအားတွေ ကောင်းမွန်ဖို့၊ ကြွက်သားတွေ ပြန်လည်ကောင်းမွန်ဖို့၊ ဒဏ်ရာတွေ သက်သာစေဖို့ ယောဂလေ့ကျင့်နေကြတဲ့ တန်းဝင် အားကစားသမားတွေ အများကြီးဖြစ်နေပါပြီ။ ယောဂဟာ ခန္ဓာကိုယ်ထဲက ငြိမ်းချမ်းမှုကို ရှာဖွေလိုတဲ့လူတိုင်း...

ဘူးသီးတောင် NLD ဥက္ကဋ္ဌ ညီဖြစ်သူ နေအိမ်မှာ WY စိတ်ကြွဆေးပြား ကိုးသိန်းကျော် ဖမ်း

Image
ဘူးသီးတောင် NLD ဥက္ကဋ္ဌ ညီဖြစ်သူ နေအိမ်မှာ WY စိတ်ကြွဆေးပြား ကိုးသိန်းကျော် ဖမ်းမိ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းရဲ့ ညီတော်စပ်သူ နေအိမ်မှာ WY မူးယစ်ဆေးပြား ကိုးသိန်းကျော် ဖမ်းမိခဲ့တယ်လို့ မောင်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သောင်းကြွယ်က ပြောပါတယ်။ ဦးရဲသိန်းရဲ့ ညီတော်စပ်သူ ဦးစိုးပိုင်နဲ့ မိခင်ဖြစ်သူတို့ နေထိုင်တဲ့အိမ်မှာ သေတ္တာနဲ့သိမ်းဆည်းထားတဲ့ ဆေးပြား ၉၇၅,၀၀၀ (တန်ဖိုးကျပ်သိန်း ၁၉,၅၀၀) ကို နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ ဦးရဲသိန်း နေအိမ်ကနေ ဖမ်းမိခဲ့တာလို့ သတင်းတွေပျံ့နှံ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ဦးစိုးပိုင်နဲ့ ဦးဘသိန်းမောင် ဆိုသူတို့ရဲ့ မူးယစ်ဆေးတွေသာဖြစ်ပြီး ဦးစိုးပိုင်ကို ဖမ်းဆီးစစ်ဆေးနေကာ ဦးဘသိန်းမောင်ကိုလည်း ဖမ်းဆီးရန် ရှာဖွေနေတယ်လို့ ဒုတိယ ရဲမှူး သောင်းကြွယ်က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက သူနဲ့ မသက်ဆိုင်ဘူးလို့ ဦးရဲသိန်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် ရခိုင်ဂေဇက် သတင်းဌာနသို့ ဖြေကြားထားပြီး မူးယစ်ဆေးတွေ တွေ့ရှိတဲ့နေအိမ်က မိခင်နဲ့ ညီအစ်ကို မောင်နှမတွေနေထ...

ကင်ဆာ ဝေဒနာရှင်များ နာကျင်မှု သက်သာစေသည့်ဆေး မြန်မာပြည်တွင် ထုတ်လုပ်ဖြန့်ချိ

Image
ကင်ဆာ ဝေဒနာရှင်များ နာကျင်မှု သက်သာစေသည့်ဆေး မြန်မာပြည်တွင် ထုတ်လုပ်ဖြန့်ချိ ကင်ဆာ ရောဂါဝေဒနာရှင်တွေအတွက် နာကျင်မှု သက်သာစေတဲ့ ဆေးတွေကို အင်းစိန်ဆေးဝါးစက်ရုံမှာ ပထမဆုံးအဖြစ် ထုတ်လုပ်ဖြန့်ချိနေပြီလို့ စက်ရုံတာဝန်ရှိသူက ပြောပါတယ်။  ဒီဆေးကို ဆေးရည်နဲ့ ဆေးပြားပါ နှစ်မျိုး ထုတ်လုပ်ထားပြီး ဖြစ်ပြီး Morphine Sulfate Tablet (10 mg) နဲ့ Morphine Sulfate Syrup (1mg/ ml) တို့ ဖြစ်ပါတယ်။  အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်က “ဒီဆေးက မူးယစ်အနွယ်ဝင် ဆေးဖြစ်လို့ ပြည်သူ့ဆေးရုံတွေဆိုရင် ဆေးရုံအုပ်ကြီး လက်မှတ်နဲ့ ဖြန့်ဖြူးပေးမှာ ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံတွေ ဆိုရင်တော့ အထူးထိန်းချုပ်ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိတဲ့ ဆေးရုံတွေကို ရောင်းချမှာပါ။ ပြည်သူ့ဆေးရုံတွေအတွက် ဖြန့်ပြီးလို့ ပိုမှ ပုဂ္ဂလိကဆေးရုံတွေကို ရောင်းမှာပါ” လို့ ပြောပါတယ်။  ဈေးနှုန်းကတော့ ဆေးရည်တပုလင်းကို ၃ သောင်းကျပ်ဖြစ်ပြီး ဆေးလုံး ၁၀၀ ပါ တဗူးကို ၂ သောင်းခွဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ပြင်ပဈေးကွက်မှာ ရှိနေတဲ့နှုန်းထက်တော့ အများကြီး သက်သာတာ ဖြစ်ပါတယ်။  ဒီနှစ်မှာ HIV ဝေဒနာရှင်တွေ သောက်သုံးတဲ့ဆေး အပါအဝင် Anti Biotic ဆေးတေ...

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)

Image
လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) # Zawgyi Version ဖြင့် ဖတ်ပါ #  Nymphomania ဆိုတာဘာလဲ  Nymphomania ဆိုတာ လိင်စိတ်ဆန္ဒပြင်းပြမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ လိင်စိတ်လွန်ကဲမှုဆိုတာ ကိုယ်တိုင် သာယာမှုမရှိဘဲ၊ ထိန်းချုပ်လို့မရနိုင်ဘဲ ၊ကိုယ်တိုင်မလိုလားဘဲ အကြိမ်ကြိမ်ပြုလုပ်မိနေတဲ့ အပြုအမူတွေဖြစ်ပါတယ်။ Nymphomania  ဖြစ်နေတဲ့သူတွေဟာ အလိုလိုဖြစ်လာတဲ့အာသာဆန္ဒပြင်းပြမှုကိုဖြေဖျောက်ဖို့ လိင်ဆက်ဆံဖော်များခြင်း(promiscuity) လိုမျိုး ရောဂါအန္တရာယ်များတဲ့လုပ်ရပ်တွေလုပ်မိတတ်ပါတယ်။  ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာ ပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။  nymphomania ဖြစ်ရတဲ့အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲ nymphomania  ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံ...

အလုပ်​ပြုတ်​လာသဖြင့်စိတ်ဓါတ်ကျပြီး အထည်ချုပ် အလုပ်သမတစ်ဦး အဆိပ်သောက်သေ 5

Image
အလုပ်​ပြုတ်​လာသဖြင့်စိတ်ဓါတ်ကျပြီး အထည်ချုပ် အလုပ်သမတစ်ဦး အဆိပ်သောက်သေ ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ အသက်​၁၉နှစ်​အရွယ်​ရှိ အထည်ချုပ်အလုပ်သမတစ်ဦးပိုးသတ်​​ဆေး​သောက်​၍ကိုယ့်​ကိုကိုယ်​အဆုံးစီရင်​မှုတစ်ခု ယနေ့ညနေပိုင်းက ဖြစ်ခဲ့သည်ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံမှသိရသည်။  သူမသည်သုံးခွမြို့နယ် ကုန်းခလာရွာ  တွင်နေထိုင်သူဖြစ်ကာ အလုပ်​ပြုတ်​လာသဖြင့်စိတ်ဓါတ်ကျပြီး စပါးစိုက်ခင်းတွင်အသုံးပြုသည့် ပိုးသတ်ဆေးကို နေ့လည် ၁၂ နာရီခွဲခန့်ကသောက်ခဲ့သည်။  ဖခင်ဖြစ်သူက သုံးခွဆေးရုံသို့ပို့စဉ်  ဆေးရုံအရောက်တွင်သေဆုံးသွား၍  သုံးခွမြို့မရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း  ၂၂/၂၀၁၇ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။    Credit: Popular News 

မန်းမှာ​သွေးအိုင်​အတွင်း​ဒဏ်​ရာ​တွေနဲ့ ​သေဆုံး​နေတဲ့ အ​လောင်း တစ်​​လောင်တွေ့ 

Image
မန်းမှာ​သွေးအိုင်​အတွင်း​ဒဏ်​ရာ​တွေနဲ့ ​သေဆုံး​နေတဲ့ အ​လောင်း တစ်​​လောင်တွေ့  မန္တ​လေးမြို့၊​အောင်​​မြေသာစံမြို့နယ်​ရှိ ​ရွှေမန်း​တောင်​အားကစားကွင်းတိုက်​တန်းမှာ ​သွေးအိုင်​အတွင်း​ဒဏ်​ရာ​တွေနဲ့ ​သေဆုံး​နေတဲ့ အ​လောင်းတစ်​​လောင်း​ကို ယ​နေ့(​နိုဝင်​ဘာ၁၄ရက်​)မနက်​ပိုင်း ​တွေ့ရှိရတာဖြစ်​ပါတယ်​။  ​သွေးအိုင်​အတွင်း​သေဆုံး​နေတဲ့အသက်​၃၇နှစ်​အရွယ်​ရှိအမျိုးသားဟာ အဲသည်​တိုက်​ခန်းမှာတစ်​ဦးတည်း​နေထိုင်​သူဖြစ်​ပါတယ်​။  အခုလ၁၄ရက်​မှာ ​သေဆုံးသူရဲ့မိခင်​ဖြစ်​သူက ​နေအိမ်​ကို သားဖြစ်​သူထမင်းလာမစား​သေးတာ​ကြောင့်​  ဖုန်းဆက်​သွယ်​ရာ ဖုန်းစက်​ပိတ်​ထားလို့ စိတ်​ပူပြီး သားဖြစ်​သူရှိရာတိုက်​ခန်းကို သွား​ရောက်​တာဖြစ်​ပါတယ်​။  တိုက်​ခန်းကို​ရောက်​တဲ့ချိန်​မှာ အဲ့သည်​တိုက်​ခန်းနဲ့ တစ်​ခန်း​ကျော်​မှာ​နေထိုင်​တဲ့အမျိုးသမီးတစ်​ဦးက မ​နေ့ည၇း၀၀နာရီခန့်​က ​သေဆုံးသူရဲ့အခန်းဘက်​မှာ ဆူညံသံကြာရတာ၊​နောက်​ပိုင်းမှာ ငြိမ်​သက်​သွားပြီး သွား​ရောက်​​မ​မေးမြန်းမိ​ကြောင်း​ပြောပြသိရှိရတာဖြစ်​ပါတယ်​။  အပြင်​တံခါးမှာလည်းအတွင်းဘက်​က​နေ​သော့ခတ်​ထားတာ​ကြောင့်​ ပတ်​ဝန်းကျင်​ကို အကူညီ​တေ...

စာချုပ်သစ်ကို ငြင်းဆန်ပယ်ချပြီး အသင်းပြောင်းခွင့်ပေးရန် စီရော်နယ်ဒို တောင်းဆို

Image
စာချုပ်သစ်ကို ငြင်းဆန်ပယ်ချပြီး အသင်းပြောင်းခွင့်ပေးရန် စီရော်နယ်ဒို တောင်းဆို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းနှင့်စာချုပ်သစ်လက်မှတ်ရေးထိုးတော့မည်မဟုတ်ကြောင်း အတိအလင်း အသိပေးထားပြီဖြစ်ပြီး သင့်တင့်မျှတသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ၎င်းကို ရောင်းထုတ်ပေးပါရန်လည်း စီရော်နယ်ဒိုက တောင်းဆိုထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ မက်ဒရစ်၊ နိုဝင်ဘာ ၁၅ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းနှင့်စာချုပ်သစ်လက်မှတ်ရေးထိုးတော့မည်မဟုတ်ကြောင်း အတိအလင်း အသိပေးထားပြီဖြစ်ပြီး သင့်တင့်မျှတသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ၎င်းကို ရောင်းထုတ်ပေးပါရန်လည်း စီရော်နယ်ဒိုက တောင်းဆိုထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါ၌ အသင်းအတွက် ပွဲစဉ်ခုနစ်ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ သွင်းဂိုးတစ်ဂိုးတည်းသာ ရယူပေးနိုင်ခဲ့ပြီး ယင်းအချက်ကြောင့် ရီးရဲလ်မက်ဒရစ်ပရိသတ်များ၏လှောင်ပြောင်ခြင်းဖြင့်လည်း ၎င်းက ရင်ဆိုင်နေရပြီဖြစ်သည်။ အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ၎င်းကို ရောင်းထုတ်ပေးပါရန် ...

ကယ်လီဖိုးနီးယား ပစ်ခတ်မှု လူငါးယောက်သေ

Image
ကယ်လီဖိုးနီးယား ပစ်ခတ်မှု လူငါးယောက်သေ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ Rancho Tehama မူလတန်းကျောင်း အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ သေနတ်သမားဟာ မူလတန်းကျောင်းတခုအပါအဝင် နေရာတော်တော်များများကို ပစ်ခတ်ခဲ့တာကြောင့် သေနတ်သမား အပါအဝင် လူငါးယောက် သေဆုံးပြီး ကလေးတွေ တော်တော်များများ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။  ပစ်ခတ်မှုဟာ Tehama ခရိုင်က အိမ်တအိမ်မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ သေနတ်သမားဟာ ရိုင်ဖယ်တလက်နဲ့ ပြောင်းတိုသေနတ် နှစ်လက် ကိုင်ဆောင်ကာကျောင်းအပြင်ဖက်မှာ တွေ့မရှောင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။  အဲဒီနောက်ရဲလက်ချက်နဲ့ သေနတ်သမားလည်းသေဆုံးသွားပြီး သေနတ်သမားဘာရည်ရွယ်ချက်နဲ့ အခုလို ပစ်ခတ်ခဲ့သလဲ ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။  BBC Burmese 

တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် ရက္ခိုင့်တပ်မတော် တပ်သား ၃ ဦး မီဇိုရမ်ဘက်သို့ ဆေးရုံတင်ထားရ

Image
တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် ရက္ခိုင့်တပ်မတော် တပ်သား ၃ ဦး မီဇိုရမ်ဘက်သို့ ဆေးရုံတင်ထားရ ခိုနူမ်းသုန်သတင်း၊ ၁၅ နိုဝင်ဘာ ၂၀၁၇  ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်မှ တပ်သား ၃ ဦးသည် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ဘက်သို့ ထွက်ပြေးပြီး Christian ဆေးရုံတွင် တင်ထားရသည်ဟု မီဇိုရမ်သတင်းဌာန DDK တွင်ဖော်ပြထားသည်။  လောင်တလိုင်ရဲစခန်းမှ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ ယခုရက်ပိုင်းအတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိလာကြသည့် ရက္ခိုင့်တပ်မတော်မှ ထွန်းထွန်း(၃၅)၊ ကျော်ကျော်(၂၇) နှင့် အောင်အောင်(၂၁) တို့သည် မီဇိုရမ်ပြည်နယ် နယ်စပ်ရွာ Hmawngbuchhuah ကျေးရွာအထိ လေဖြင့် ထွက်ပြေးလာခဲ့ကြပြီး ထိုမှတဆင့် Maxi cab ကားဖြင့် လောင်တလိုင်မြို့ Christian ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု DDK သတင်းတွင်ရေးသားထားသည်။  ၎င်းတို့ (၃) အနက် အကြီးဆုံးဖြစ်သော ထွန်းထွန်းဆိုသူသည် လက်မောင်းတွင်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် လောင်တလိုင်တွင် ကုသရန်မဖြစ်နိုင်သည်အတွက် မြို့တော် အိုင်ဇောလ်ဘက်သို့ ပို့ဆေ...

သွေးတိုးရောဂါ သွေးပေါင်ကန့်သတ်ချက်ပြင်ဆင်

Image
သွေးတိုးရောဂါ သွေးပေါင်ကန့်သတ်ချက်ပြင်ဆင် အမေရိကန် နှလုံးရောဂါဆိုင်ရာ ဆေးပညာအဖွဲ့နဲ့ အမေရိကန် နှလုံးကုသမှု ဆိုင်ရာကောလိပ် တို့က ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွေးတိုးရောဂါဖြစ်ပွားမှု သတ်မှတ်တဲ့ အဆင့်ကို ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။  အရင်က သွေးတိုးရောဂါဖြစ်ပွားတယ် ဆိုတဲ့ အဆင့်သတ်မှတ်ချက်ဟာ အောက်သွေး ၉၀ အပေါ်သွေး ၁၄၀ သပ်မှတ် ထားရှိရာကနေ အောက်သွေး ၈၀ အပေါ်သွေး ၁၃၀ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။  လေ့လာတွေ့ရှိချက် အသစ်တွေအရ ၂၀၀၃ ခုနှစ် က အမေရိကန်ပြည်ထောင်စုရဲ့ သွေးတိုးရောဂါနဲ့ ကုသရေး လမ်းညွှန်ချက်ပါ သတ်မှတ်ချက် ကိန်း ဂဏန်းကို ပထမဆုံးအကြိမ် ပြောင်းလဲ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။  အခုလိုပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် သွေးတိုးရောဂါကို စောစီးစွာကြိုတင် သိရှိနိုင်ပြီး ကြိုတင်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။  ဗွီအိုအေ (မြန်မာပိုင်း) 

ဝန်ကြီးတေလာဆင်ရဲ့ မြန်မာ ခရီးစဉ်အတွင်း ရခိုင်အရေး ဆွေးနွေးဖွယ်ရှိ

Image
ဝန်ကြီးတေလာဆင်ရဲ့ မြန်မာ ခရီးစဉ်အတွင်း ရခိုင်အရေး ဆွေးနွေးဖွယ်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson မြန်မာ နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဖက်ထွက်ပြေးသွားသူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲ ပြောဆိုနေချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံကို လာရောက်တော့မှာ ဖြစ်ပါတယ်။  ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် တပ်မတော် က ပြုမူပုံတွေနဲ့ ပတ်သက်လို့ စစ်ဘက်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန် ဘက်က အခုလ အစောပိုင်းမှာပဲ ပြန်လည် ချမှတ် ထားပါတယ်။  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ တေလာဆင် ရောက်လာတဲ့အခါ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ရခိုင် ပြဿနာက မပါမဖြစ် ကိစ္စတရပ် ဖြစ်ပြီး ပိုမိုကျယ်ပြန်ံတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ လွှတ်တော် အသီးသီးတို့ရဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နိုင်တယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းရဲ့ ဥက္ကဌ ဦးမြတ်သူ က ပြောပါတယ်။  ဘင်္ဂလားဒေ့ရှ် ဖက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အရပ်သား အစိုးရကိ...

အင်ဒိုနီးရှားတွင် ဝေလငါးများ သောင်တင်ရာ ခြောက်ကောင်ကယ်ဆယ်နိုင်ပြီး လေးကောင် သေဆုံး

Image
အင်ဒိုနီးရှားတွင် ဝေလငါးများ သောင်တင်ရာ ခြောက်ကောင်ကယ်ဆယ်နိုင်ပြီး လေးကောင် သေဆုံး “ကယ်ဆယ်လွှတ်ပေးခဲ့တဲ့အထဲက တစ်ကောင်ဟာ ဒဏ်ရာရထားပြီး တော်တော်လေး နာမကျန်းတာကြောင့် ကမ်းစပ်ကို ပြန်ရောက်လာတယ်။ ခုထိ လေးကောင် သေဆုံးတယ်။” ဂျကာတာ၊ နိုဝင်ဘာ ၁၅ ။             ။ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားကျွန်းတွင် သောင်ပြင်သို့ ဦးခေါင်းမှ ဖယောင်းပါသော ဆီတစ်မျိုး ထုတ်ယူရသော ဝေလငါးမျိုးဖြစ်သည့် စပန်းဝေလငါး ဆယ်ကောင် သောင်တင်လာ၍ ကယ်ဆယ်ရာ ခြောက်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား ပင်လယ်ရေပြင်ရေးရာဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ပြောသည်။ အာချီပြည်နယ် အူဂျုံးကာရန်ကမ်းခြေတွင် သောင်လာတင်သော ဝေလငါးများကို ရေတပ်၊ ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်နှင့်အတူ စေတနာ့ဝန် ပြည်သူများက ဝိုင်းဝန်းကယ်ဆယ်ကြရာတွင် နိုဝင်ဘာ ၁၃ ရက် နံနက်မှစကာ နိုဝင်ဘာ ၁၄ ရက်တွင်မှ အပြီးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကယ်ဆယ်လွှတ်ပေးခဲ့တဲ့အထဲက တစ်ကောင်ဟာ ဒဏ်ရာရထားပြီး တော်တော်လေး နာမကျန်းတာကြောင့် ကမ်းစပ်ကို ပြန်ရောက်လာတယ်။ ခုထိ လေးကောင် သေဆုံးတယ်။”ဟု ယင်းဌာနအ...

ဆောင်းပဲတီစိမ်း ဈေးအနည်းငယ်ပြန်တက်လာ

Image
ဆောင်းပဲတီစိမ်း ဈေးအနည်းငယ်ပြန်တက်လာ ယခုရက်ပိုင်းအတွင်း ဆောင်းပဲတီစိမ်းဈေးအနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း အောင်လံနယ်အတွင်းရှိ ပဲတီစိမ်း စိုက်တောင်သူများက ပြောကြား သည်။  ဆောင်းပဲတီစိမ်းပေါ်စ ရာသီတွင် ပိဿာနှစ်ဆယ်(တစ်တင်း) လျှင် ကျပ် ၂၇,၀၀၀ သာဈေးရှိ သဖြင့် တောင်သူများအရှုံးပေါ်ခဲ့ သော်လည်း ယခုရက်ပိုင်းအတွင်း ကျပ် ၂၉,၅၀၀ အထိ ဈေးမြင့်တက် လာကြောင်း အောင်မြေကုန်း ကျေးရွာနေတောင်သူ ဦးမင်းနိုင်ဦးက ပြောသည်။  ‘‘ပဲတီစိမ်းက ဈေးမကောင်း တာ သုံးနှစ်လောက်ရှိပြီ။ ဒီနှစ် ဈေးနည်းနည်းမြင့်လာပေမယ့် အ ရင်ကဆိုရင် လေးသောင်းနီးပါး အထိ ရောင်းခဲ့ရတာလေ။ စိုက်စ  ရိတ်၊ လုပ်သားစရိတ်ကြီးမြင့် တော့ တွက်ခြေတော့ မကိုက်ပါ ဘူး။ ဒါပေမဲ့ ဈေးကောင်းတော့ လုပ်အားခတော့ ရတာပေါ့’’ဟု သနပ်ကျေးရွာမှ တောင်သူကိုဇော်မင်းက ပြောသည်။  ယခုနှစ် မိုးပဲတီစိမ်းကာလ တွင် ပဲတီစိမ်းပိဿာနှစ်ဆယ် (တစ်တင်း) လျှင် ကျပ် ၂၅,၀၀၀ ဈေးဖြစ်ခဲ့ပြီး ယခုအခါ ဈေးပြန် လည် မြင့်တက်လာကြောင်း အောင်လံနယ်အတွင်းရှိ ပဲတီစိမ်း စိုက်တောင်သူများက ဆိုသည်။  အထွက်နှုန်းသည် ယခုနှစ် တွင် မိုးများသောကြောင့် မိုးပဲ တီစိမ်းနှင့် ဆောင်းပဲတီစိမ်းနှစ...

အောင်လံ၌ ရထားနှင့်ကား တိုက်မိ၍ လူငါးဦး ဒဏ်ရာရ

Image
အောင်လံ၌ ရထားနှင့်ကား တိုက်မိ၍ လူငါးဦး ဒဏ်ရာရ  မကွေးတိုင်း အောင် လံမြို့ ရွှေညောင်ပင်ကျေးရွာအ နီးတွင် နိုဝင်ဘာ ၁၂ ရက် ညနေ က ရထားနှင့် ကားတိုက်မိမှု ဖြစ်ပွားပြီး လူငါးဦးထိခိုက်ဒဏ်ရာရရှိကာ အောင်လံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသရကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ကျရဲ အရာရှိက ပြောသည်။  နေပြည်တော်မှ ပြည်မြို့သို့ မောင်းနှင်လာသော   နေပြည် တော်အဆန်ရထားနှင့် အောင်လံ မြို့မှ သီးနှံရောင်းဝယ်ပြီး  ကျေး ရွာသို့ပြန်လာသော    ကားတို့ အောင်လံမြို့မြောက်ဘက်  ရွှေ ညောင်ပင်ကျေးရွာအနီး  ရထား လမ်းကူးတွင် တိုက်မိကာ  ကား ပေါ်ပါလာသည့် ခရီးသည်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း က ပြောသည်။   ‘‘ရထားက မီးလုံးကွဲသွား တယ်။ ကျန်တာ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ အဲဒီနေ့ ညနေချင်းပဲ ပြည်မြို့ကိုဆက်လက်ထွက်ခွာ သွားပါတယ်။ ကားကတော့ ရထားနဲ့ တိုက်မိပြီး လမ်းဘေးထိုးကျတုံး လုံးလဲသွားတာပေါ့။  လူအသေ အပျောက်မရှိပါဘူး’’ဟု အောင်လံမြို့နယ် မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ကျ  ၀န်ထမ်းတစ်ဦးက ပြောသည်။   ဆေးရုံတက်ရောက် ကုသ နေရသူများသည် အောင်လံမြို့ နယ...

လုပ်ငန်း ခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ

Image
လုပ်ငန်း ခွင်အတွင်း မပြောသင့်သော အကြောင်းအရာများ လုပ်ငန်းခွင်းအတွင်းမှာ မပြောသင့်သော အရာများ မြောက်မြားစွာ ရှိပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အကြောင်းအရင်းတစ်ခုကို မှားယွင်းစွာ ပြောမိပါက လုပ်ဖော်ကိုင်ဖက်များ ဆုံးရှုံးရတာတွေ၊ အပယ်ခံရတာတွေ၊ စိတ်မလုံတာတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကျီစယ်တာတွေက အချင်းချင်း ရင်းနှီးမှုတွေ၊ လုပ်ငန်းခွင်အတွက် အမောအပန်းတွေ ပြေစေနိုင်ပါတယ်။ ဒါပေမယ့် သေသေချာချာ မှတ်ထားရမှာက စည်းမကျော်ဖို့ပါပဲ။ ကျီစားသန်က ရန်များလှသည် ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်ပါလား။  လူတိုင်းကတော့ ဒီလို ကျီစားလိုက်လို့ ရန်ဖြစ်ရတာတွေ၊ စိတ်မနှောက်အယှက်ဖြစ်ရတာတွေ ရှိပါတယ်။ ငါ အပါအဝင်ပါပဲ။ ငါတို့ စကြနောက်ကျတဲ့ အခါ လက်ခံနိုင်တဲ့ စကားလုံးတွေ ရှိသလို၊ လက်မခံနိုင်တဲ့ စကားလုံးတွေလည်း ရှိပါတယ်။ ဒီလို စကြရင်းနဲ့ စကားကျွံသွားတဲ့ အခါ ချက်ခြင်း မိမိစကား မှားသွားတယ်ဆိုတာကို သိနိုင်တဲ့ ခံစားချက်တွေ ရှိကြပါတယ်။  အကြောင်းအရာတစ်ခုကို မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောပြခြင်းဟာ Kate Middleton နဲ့ Justin Bieber ရဲ့ ဝတ်လစ်စလစ် အခွေကို Facebook ဒါမှမဟုတ် Twitter တ...

စိတ်ဓာတ် ကျနေလား

Image
စိတ်ဓာတ် ကျနေလား တစ်ခါတုန်းက….  *ရွာတစ်ရွာတွင် ရုပ်အလွန်ဆိုးသော  မိန်းကလေးတယောက်ရှိတယ်….  မိန်းကလေးသည် မှန် ကြည့်မိတိုင်း  သူ့ကိုယ်သူ ဒေါသထွက်၍ မှန်ကိုပါ  ရိုက်ခွဲတတ်တယ်….  မိဘ ဖြစ်သူတွေကိုလည်း အမြဲအပြစ်တင်ပြီး  လူ့ဘ၀ကို စိတ်ကုန်နေသည်….  ရုပ်ချောချော ရွယ်တူကောင်မလေးတွေ  မြင်တိုင်း မနာလိုဖြစ်ကာ… ရန်ရှာတတ်လာသည်…  *လောကကြီးကို မျက်စိလည်ရောက်လာပြီး  ကံ အဆိုးဆုံးလို့ သူ့ကိုယ်သူ သတ်မှတ်ထားသည်……*  *တနေ့တော့…..  ရွာထဲသို့ အလှူလာခံသော သူနဲ့ရွယ်တူ  ကောင်မလေးတစ်ယောက်နဲ့ တွေ့သည်…..  အလှူခံ ကောင်မလေးသည်  ခြေထောက်တစ်ဖက်က ထော့ကျိုးဖြစ်၍  လက်တဖက်ကမွေးရာပါ  လက်ချောင်းလေးများမပါပါ..*  *အလှူခံကောင်မလေးကိုတွေ့ရော  ရုပ်ဆိုးကောင်မလေးက မေးတယ်……  *  *နင်* လက်ရှိ နင့်ဘ၀ကိုစိတ်မပျက်ဘူးလား???လို့မေးတော့  ကောင်မလေးက  * လူ့ဘ၀က ငါတို့အရင်ဘ၀က လုပ်ခဲ့တဲ့အတိုင်း ပြန်အကျိုးပေးတာပါ စိတ်ပျက်နေလို့ရော ဘာဖြစ်လာမှာလဲ????  တစ်ချို့ဆို ခြေထောက်နှစ်ဖက်စလုံးမသန်ဘူး ဒီလိုဘဲ ပျော်အောင်နေပြီး ကြိုးစားရုန...

မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ

Image
မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ # Zawgyi Version ဖြင့် ဖတ်ပါ #  ၁။ နူးညံ့သော အသားအရေရှိသည်။ ၂။ မည်းနက်သော ကော့ညွတ်ရှည်လျားသည့် ဆံပင်ရှိသည်။ ၃။ ရွဲ၍ ကြည်လင်သော မျက်လုံးရှိသည်။ ၄။ မျက်တောင်ကော့သည်။  ၅။ မျက်ခုံးနက်သည်။  ၆။ ရင်စိုသည်။  ရ။ နှာတံပြေပြစ်သည်။  ၈။ နီမြန်းသော နှုတ်ခမ်း ပါးစပ်ရှိသည်။ ၉။ ပါး၍၀န်းသော မျက်လုံးရှိသည်။ ၁၀။ လည်တိုင်သေးသည်။ ၁၁။ လည်ရစ်သုံးတန်ရှိသည်။  ၁၂။ နူးညံ့သေးသွယ် ပြည့်တင်းနီမြန်းသော လက်ဖ၀ါးခြေဖ၀ါး ရှိသည်။  ၁၃။ ချစ်ဖွယ်သော ပီယ၀ါစာကား ပြောဆိုတတ်သည်။  ၁၄။ ဖြည်းညင်းနူးညံ့စွာ သွားလာတတ်သည်။ ၁၅။ အရှက်အကြောက်ကြီးသည်။  ၁၆။ စကားတိုးတိုးသက်သာ ပြောဆိုတတ်သည်။  မိန်းမတို့၏အလှဂုဏ်(၆)မျိုး  <<<<<<<<<>>>>>>>>>>  ၁။ အသားမဖြူလွန်းခြင်း  ၂။ အသားမညိုလွန်းခြင်း  ၃။ အရပ်မနိမ့်လွန်းခြင်း  ၄။ အရပ်မမြင့်လွန်းခြင်း  ၅။ မ၀လွန်းခြင်း  ၆။ မပိန်လွန်းခြင်း  မိန်းမတို့၏အင်အား  ®®®®®®®®®®®®®®®®®  ၁။ ရုပ်ရည်အဆင်း တင့်တယ်ခြင်း  ၂...

မေရီချက်ပ်မင်းနားမကြား ကလေးများကျောင်းသို့ တရုတ်သံရုံးက ကျပ်သိန်း ၆၀၀ လှူဒါန်း

Image
မေရီချက်ပ်မင်းနားမကြား ကလေးများကျောင်းသို့ တရုတ်သံရုံးက ကျပ်သိန်း ၆၀၀ လှူဒါန်း  မေရီချက်ပ်မင်းနားမ ကြားသော ကလေးများကျောင်း သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးက ကျပ်သိန်း ၆၀၀ လှူဒါန်းရာ လှူဒါန်းပွဲကို နိုဝင်ဘာ ၁၄ ရက်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။  ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အသားနှင့် အသီးနေ့စဉ်သုံး ပစ္စည်းများ ကျောပိုးအိတ်၊ စောင်အစရှိသည်တို့ကို ၁၂ လ တိုင် City Mart မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ပြီး စုစုပေါင်းတန်ဖိုးကျပ်သိန်း ၆၀၀ ရှိသည်။  ‘‘လွန်ခဲ့တဲ့လတွေက ဘဏ္ဍာ ရေးအခက်အခဲရှိခဲ့ပါတယ်။ အဲဒါ ကြောင့် ဘုရားသခင်ကိုပဲ ဆု တောင်းရတယ်။ ကူညီပါပေါ့ နော်။ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး ပုံမှန်တာဝန်ယူထားတဲ့ အဖွဲ့အ စည်းမရှိပါဘူး။ အခုလို လှူဒါန်းတဲ့သူပေါ်ပေါက်လာတာ အရမ်း ကျေးဇူးတင်ရပါတယ်’’ ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့် ညွန့်သိန်းက ပြောသည်။  ကျောင်းအိပ်၊ ကျောင်းစား ကလေးများကို တစ်လလျှင် စား စရိတ် ကျပ်တစ်သောင်းခွဲနှင့် ကျောင်းစရိတ် ငါးထောင်ကျပ် ကောက်ခံသော်လည်း ကျောင်း သားဦးရေထက်ဝက်ခန့်သည် ကျောင်းလခ ပုံမှန်မပေးနိုင်ဟု၎င်းက ဆိုသည်။  ကျောင်းက နံနက်စာနှင့် ည နေစာ၊ ညစာအတ...

ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုခံယူခြင်း

Image
ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုခံယူခြင်း # Zawgyi Version ဖြင့် ဖတ်ပါ #  ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချပြီးနောက် မိသားစု အထူးသဖြင့် ကာယကံရှင်မိခင်လောင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားရစမြဲဖြစ်ပါတယ်။မိခင်လောင်းဟာ ဒီလိုဆုံးရှုံးမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ အထူးစောင့်ရှောက် ကုသမှုခံယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။)  ကိုယ်ဝန်ဖျက်ချပြီးနောက် ဘယ်လိုခံစားချက်မျိုး ရှိလာနိုင်မလဲ  လူတိုင်းဟာ တခြားသူနဲ့မတူတဲ့သီးခြားဖြစ်တည်မှုဖြစ်တာကြောင့် ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေစိတ်ထားတွေလည်း မတူကြတဲ့အတွက် ဆေးပညာအရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချမှုခံယူပြီး နောက် ခံစားနေရတတ် သူ၊ မခံစားရသူ ဆိုပြီးရှိပါတယ်။ သင့်မှာ ခံစားချက် ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင် ကအရာဝတ္ထုတွေကို ထိတွေ့ခံစား မသိနိုင်တော့တာ၊ အာရုံ မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ဒါ့အပြင် အရာအားလုံးကိုခံစားလွယ်ပြီး ဟာတာတာလည်း ခံစားနေရနိုင်ပါတယ်။ ဒေါသစိတ်၊ ဆုံးရှုံးရတဲ့စိတ်၊ အပြစ်ရှိစိတ်၊ စိတ်သက်သာမှု၊ဝမ်းနည်းစိတ် စ...

မန္တလေးတောင်ခြေဘောလုံးကွင်းတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သော အမျိုးသားအသတ်ခံရ

Image
မန္တလေးတောင်ခြေဘောလုံးကွင်းတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သော အမျိုးသားအသတ်ခံရ မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ ရွှေမန်းတောင် ဘောလုံးကွင်းတိုက်တန်းတွင် တစ်ဦးတည်းနေထိုင်သော အမျိုး သားတစ်ဦးအသတ်ခံရမှုကို မှုခင်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံဖြင့် စုံစမ်းရှာဖွေနေ ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်လွင် က ပြောသည်။  နိုဝင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီက အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးတည်းနေထိုင် သည့် တိုက်ခန်းအမှတ် (E-2) သို့ မိခင်ဖြစ်သူက သွားရောက်ကြည့် ရှုရာ သွေးအိုင်ထဲ လဲကျသေဆုံး နေသည်ကို တွေ့ရှိခဲ့သည်။ ဘေး ပတ်ဝန်းကျင်၏ပြောကြားချက် အရ နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီခန့်က သေဆုံးသူ၏အခန်းမှ ဆူညံသံများ ကြားရကြောင်း၊ နောက်ပိုင်းတွင် အသံများ ငြိမ် သက်သွားကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။  သေဆုံးသူသည် ခန္ဓာကိုယ် တွင် ပေါက်ပြဲဒဏ်ရာများ၊ လည် ပင်းနှင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိထားပြီး မန္တလေးမြို့ အမှတ် (၂)နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။  သေဆုံးသူအမျိုးသား၏ဆွဲ ကြိုး၊ လက်စွပ်နှင့် ဆိုင်ကယ်တို့ လည်း ပျောက်ဆုံးနေပြီး ပြစ်မှု ကျူးလွန်သူ...