ရိုဟင်ဂျာအရေး စင်္ကာပူကို ဘင်္ဂလားဒေ့ရှ် အကူညီတောင်း

ဘင်္ဂလာဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ဟာ စင်္ကာပူနိုင်ငံက အသစ်ခံအပ်လိုက်တဲ့ စင်္ကာပူ အခြေစိုက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဆိုင်ရာ အကြီးတန်း ကော်မရှင်နာနဲ့ တွေ့ဆုံပြီး အချိန်ကာလ ဆယ်စုနှစ်များစွာရှိနေပြီဖြစ်တဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ရေးမှာ စင်္ကာပူအနေနဲ့ ကြားဝင် ဆောင်ရွက်ဘို့ ပန်ကြားခဲ့ပါတယ်။
ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေးဝန်ကြီးက အာဆီယမ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ စင်္ကာပူအနေနဲ့ ရိုဟင်ဂျာ အရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက နေပါဝင်ဆောင်ရွက်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ စင်္ကာပူ အကြီးတန်းကော်မရှင်နာဟာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံက ပြည်နယ် အစိုးရ နိုင်ငံခြားရေးရာဝန်ကြီးနဲ့လည်း သီးခြားတွေ့ဆုံပြီဖြစ်ပါတယ်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီးဟာ ကော်မရှင်နာနဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေးရာ ရင်းနှီးမြုပ်နှံမူတွေ အတွက်လည်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Comments
Post a Comment