ရိုဟင်ဂျာ ၅၀၀၀ ခန့် မှာ HIV ရောဂါပိုး တွေ့ရှိ
- Get link
- X
- Other Apps
ရိုဟင်ဂျာ ၅၀၀၀ ခန့် မှာ HIV ရောဂါပိုး တွေ့ရှိ
သြဂုတ်လ ၂၅ ရက်ကစလို့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်း ၁ သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ဒီထဲ အနည်းဆုံး လူ ၅၀၀၀ ဟာ HIV ဖြစ်နေကြတယ်လို့ BenarNews က ဖော်ပြပါတယ်။
Cox’s Bazar မှာရှိတဲ့ အစိုးရဆေးရုံက ဌာနေကျန်းမာရေးအရာရှိ ဒေါက်တာ Shaheen Chowdhury ပြောကြားတာကို ကိုးကားဖော်ပြတာလည်း ဖြစ်ပါတယ်။
Cox’s Bazar ခရိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆရာဝန်တွေ၊ အလုပ်သင်တွေနဲ့ တခြားဝန်ထမ်း ၂၀၀၀ ကျော်က စခန်းကလူတွေဆီမှာ HIV ရှိ-မရှိ စမ်းသပ်စစ်ဆေးနေတယ်လို့လည်း နောက်ဆရာဝန်တစ်ယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်က ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မကြာမကြာနာမကျန်းဖြစ်လို့ ဆေးရုံသွားပြတဲ့အခါ ဆေးထိုးပေးလိုက်ပေမယ့် မသက်သာဘဲ Cox’s Bazar ရောက်လာတော့မှ သူ့ဆီမှာ HIV ရောဂါစွဲကပ်နေတာသိရတယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ HIV ဒုတိယအများဆုံး ဖြစ်ပွားတဲ့နိုင်ငံလို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်တဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။ လူဦးရေ ၅၁ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ ၂၀၁၆ စာရင်းအရ HIV ဝေဒနာရှင် နှစ်သိန်းသုံးသောင်းလောက်ရှိတယ်လို့ UNAIDS က ဖော်ပြပါတယ်။ ကမ္ဘာ့ ၃၅ နိုင်ငံမှာ HIV ရောဂါ ၉၀ % ထပ်ကူးစက်နေပြီး ဒီထဲ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
Photo: AFP
RFA Burmese
- Get link
- X
- Other Apps

Comments
Post a Comment