စိတ်ဓာတ် ကျနေလား
- Get link
- X
- Other Apps
စိတ်ဓာတ် ကျနေလား
*ရွာတစ်ရွာတွင် ရုပ်အလွန်ဆိုးသော
မိန်းကလေးတယောက်ရှိတယ်….
မိန်းကလေးသည် မှန် ကြည့်မိတိုင်း
သူ့ကိုယ်သူ ဒေါသထွက်၍ မှန်ကိုပါ
ရိုက်ခွဲတတ်တယ်….
မိဘ ဖြစ်သူတွေကိုလည်း အမြဲအပြစ်တင်ပြီး
လူ့ဘ၀ကို စိတ်ကုန်နေသည်….
ရုပ်ချောချော ရွယ်တူကောင်မလေးတွေ
မြင်တိုင်း မနာလိုဖြစ်ကာ… ရန်ရှာတတ်လာသည်…
*လောကကြီးကို မျက်စိလည်ရောက်လာပြီး
ကံ အဆိုးဆုံးလို့ သူ့ကိုယ်သူ သတ်မှတ်ထားသည်……*
*တနေ့တော့…..
ရွာထဲသို့ အလှူလာခံသော သူနဲ့ရွယ်တူ
ကောင်မလေးတစ်ယောက်နဲ့ တွေ့သည်…..
အလှူခံ ကောင်မလေးသည်
ခြေထောက်တစ်ဖက်က ထော့ကျိုးဖြစ်၍
လက်တဖက်ကမွေးရာပါ
လက်ချောင်းလေးများမပါပါ..*
*အလှူခံကောင်မလေးကိုတွေ့ရော
ရုပ်ဆိုးကောင်မလေးက မေးတယ်……
*
*နင်* လက်ရှိ နင့်ဘ၀ကိုစိတ်မပျက်ဘူးလား???လို့မေးတော့
ကောင်မလေးက
* လူ့ဘ၀က ငါတို့အရင်ဘ၀က လုပ်ခဲ့တဲ့အတိုင်း ပြန်အကျိုးပေးတာပါ စိတ်ပျက်နေလို့ရော ဘာဖြစ်လာမှာလဲ????
တစ်ချို့ဆို ခြေထောက်နှစ်ဖက်စလုံးမသန်ဘူး
ဒီလိုဘဲ ပျော်အောင်နေပြီး ကြိုးစားရုန်းကန်နေကြရတာပါ…
*လုတိုင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း
ရှိတယ် အဆိုးနဲ့ အကောင်း ဒွန်တွဲနေကြတာပါ။
လူတိုင်းက အသာစီးဘဲ လိုချင်ကြပေမယ့်
အနာကိုလည်း ခံနိုင်အောင်ကြိုး စားသင့်ပါတယ်….
်မိမိအပေါ်ကလူတွေကိုမော့ကြည့်နေရင်
ဇာက်ညောင်းရုံဘဲ ရှိမယ်
မိမိအောက်လူတွေကိုလည်း အားနာပါအုံး
ပျော်အောင်နေပြီး အကောင်းဆုံးကြိုးစားသင့်ပါတယ်…
သူငယ်ချင်းဆိုရင် အဖေ အမေ နှစ်ယောက်စလုံးရှိတယ်
ဘာစိတ်ဓာတ်ကျစရာလိုလဲ??
*ကျမဆိုရင် မွေးကတည်းက
အဖေ အမေမမြင်ဖူးခဲ့ပါဘူး။
ဒါပေမယ့် ကျမ လောကကြီးကို
အရူံးမပေးပါဘူး အလှူခံတယ်
ဆိုတာကလည်း ယာယီပါ။
ကျမအခြားအလုပ်တစ်ခုခုကို
ရှာလုပ်မှာပါ လို့*)……ပြောတော့
* ရုပ်ဆိုးသောကောင်မလေး တော်တော်နောင်တရသွားပြီး မိဘတွေကို တောင်းပန်၍ သူ့ကိုယ်သူ ယုံကြည်မှူအပြည့်နဲ့
ပညာကို ကြိုးစားသင်ကာ နောက်ဆုံးမှာ….. အထူးကုသမားတော်တယောက်ဖြစ်ခဲ့ပါတယ်….*
*သူငယ်ချင်း
ပိုက်ဆံ ၁၀၀၀တန် တစ်ရွက်တွေ့ရင်
ကောက်တယ်မဟုတ်လား??
မင်း စိတ်ဓာတ်ကျနေရင် အမြန်ပြန်ကောက်ပါ
မင်း စိတ်က ငွေ ၁၀၀၀လောက်တောင်
တန်ဖိုး မရှိတော့ဘူးလား???*
စာဖတ်သူအားလုံးကျေးဇူးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
- Get link
- X
- Other Apps
Comments
Post a Comment